Saturday, May 8, 2010

ဃဲဝါး)မြို့ (သို့ မဟုတ် တကောင်းမြို့ အကြောင်း

ကရင်လူမျိုးတို့ သည် ယူနန်ပြည် ယခု (တရုတ်ပြည်)တွင် နေထိုင်ခဲ့စဉ် ဖိနှိပ်မှု အမျိုးမျိုးကြောင့် ကပ်အမျိုးမျိုးဆက်ခဲ့ရသည်။ အသက်ရှင်နေထိုင်ရေးအတွက် ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်ကြရသည်။ ယင်းကြောင့် ယူနန်ပြည်တွင်ဆက်၍ မနေထိုင်လိုကြသဖြင့် ကရင်လူကြီးအချို့ က ယူနန်ပြည်မှ ထွက်ခွာလာကြသည်။ “တပိန်”မြစ်အတိုင်း စုန်ဆင်းလာကြသည်။ တဆင့်ပြီးတဆင့် စုန်ဆင်းလာရာမှ ယခု ကျွန်ုပ်ခေါ်သည့် မြစ်ကြီးနား၊ ဗန်းမော် ကသာ နှင့် မိုးကုတ်နယ်မြေများကို ရောက်ရှိလာကြသောအခါ ၎င်းတို့ က ဤနယ်မြေများသည် ၎င်းတို့ ၏ နေရေးထိုင်ရေး လုပ်ကိုင်စားသောက်ရေးအတွက် နေရာကောင်းဖြစ်သည်ဟု ယူဆပြီး ထိုကရင်လူကြီးတို့ သည် ယူနန်ဖက်သို့ ပြန်ကာ ထိုနေရာတွင် ရှိကြသည့် မိသားစုများ သားသမီးမြေးမြစ်များကို ပြန်ခေါ်ကြလေသည်။ သို့ ရာတွင် ချက်ချင်းပြန်၍ မဆင်းနိုင်ချေ။ ၎င်းတို့ အားလုံး ပြန်ဆင်းလာနိုင်ရန် ပြင်ဆင်နေချိန်တွင် ပြန်ဆင်းချိန်ကြာသွားသဖြင့် ဤအတောအတွင်း BC ၁၁၃၄ နှင့် BC ၁၁၂၂ အာကြားတွင် ရှမ်းလူမျိုးတို့ က ကရင်တို့ ဆင်းသွားခဲ့သည့်လမ်းအတိုင်း တဆင့်ပြီးတဆင့် ဆင်းသွားကြကာ ကရင်တို့  ကြည့်ရှုမှတ်သားထားခဲ့သည့်နေရာသို့  ရောက်ရှိသွားကြသောအခါ ၎င်းတို့ သည် အခြေချနေထိုင်လေတော့သည်။

ထိုမှဆက်လက်ပြီး ကရင်လူမျိုးတို့ သည် ဃဲဝါးမြစ်အောက်ဖက်သို့ စုံဆင်းရွေ့ ပြောင်းကြ တော့သည်။ အချို့ မှာမူ ဃဲဝါးမြစ်၏ အနောက်ဖက်ကမ်းသို့ ကူးသွားကြသည်။ ထိုမှတဖန် ဃဲဝါးမြစ်၏ မြစ်လက်တက်တခုသို့ ရောက်သောအခါ ထိုမြစ်လက်တက်အတိုင်း ဆန်တက်လေသည်။ ဤမြစ်လက်တက်မှာ ယခု ကျွန်ုပ်တို့ ခေါ်သည့် ချင်းတွင်းမြစ်ပင် ဖြစ်သည်။ သို့ ဖြင့် ၎င်းတို့ သည် ချင်းတွင်းမြစ်ဘေးရှိ ရှမ်းလူမျိုး တို့ နေထိုင်သည့် တောင်ဖက်အရပ်တွင် အခြေချထိုင်ကြကုန်သည်။ ထိုနေရာ၌ ၎င်းတို့  နှစ်ရှည်လများနေထိုင်ခဲ့ရာမှ ဖွံ့ ဖြိုးတိုးတက်လာကာ မြို့ ကြီးတမြို့ ကို ဃဲဝါးမြစ်ကမ်းဘေးတွင် တည်ဆောက်ကြလေသည်။ ဤမြို့ ကို အကြီးအကဲအဖြစ် ဖူ့ ဃဲဝါးက အုပ်ချုပ်သဖြင့် ဃဲဝါးမြို့ ဟု မှည့်ခေါ်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ဤမြို့ ကို “တကောင်း”ဟု ခေါ်ပြီး ဤဃဲဝါးမြစ်ကိုလည်း ၎င်းတို့ က “ပလေးကလိုး”(ဧရာဝတီ)ဟူ၍ ပြန်လည်ခေါ်ဆိုကြသည်။



ဃဲဝါးမြို့ အား “တကောင်းမြို့ ”အဖြစ်သို့  ပြန်၍ခေါ်ရခြင်းအကြောင်း

ကရင်လူမျိုးတို့ နှင့် ရှမ်းလူမျိုးတို့ သည် ၎င်းတို့ နေထိုင်ရာတိုင်းပြည်နှင့် နယ်မြေများ တခုပြီးတခု ဆက်စပ်လျှက်ရှိနေသည်။ ယခုကဲ့သို့  နေထိုင်ခဲ့ကြသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ၎င်းတို့ သည် ကုန်ပစ္စည်းအရောင်းအ၀ယ်များတွင် အပြန်အလှန် မှီခိုလျက်ရှိနေကြသည်။ ကရင်တို့ သည် “ဖါးစည်အား အဖိုးတန်ပစ္စည်းအဖြစ် အမြတ်တနိုးထားသည်ကို ရှမ်းလူမျိုးများက သိသဖြင့် ၎င်းတို့ သည် ဖါးစည်များအား ယူနန်ပြည်နယ်တွင် သွားရောက်ဝယ်ယူကာ ကရင်လူမျိုးများကို ပြန်၍ ရောင်းပေးလေသည်။ ရှမ်းလူမျိုးတို့  သည် “ဖါးစည်”များအား ကရင်လူမျိုးများကို ရောင်းချပေးနိုင်ရန်အတွက် ဖါးစည်များကို လှေဖြင့် တင်ဆောင်လာကြသည်။ “ဃဲဝါး”မြို့ ကို ရောက်သောအခါ လှေများအား လှေဆိပ်၌ ဆိုက်ကပ်ပြီး ပါလာသည့်ဖါးစည်များအား ကရင်တို့ ထံ ရောင်းချကြလေသည်။ ၎င်းတို့ လှေများကို ဆိုက်ကပ်သည့်လှေဆိပ်အား “တုကော”ဟု ခေါ်ကြသည်။ “တု”ဆိုသည့် ရှမ်းလိုစကားလုံး၏အဓိပ္ပါယ်မှာ “ဆိပ်ကမ်း”ဟု အဓိပ္ပါယ်ရပြီး “ကော”ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်မှာ “ဖါးစည်”ဖြစ်သည်။ ထို့  ကြောင့်“တုကော”ဟူသည့် စကားလုံး၏အဓိပ္ပါယ်မှာ“ဖါးစည်ဆိပ်ကမ်း”ပင်ဖြစ်သည်။ တနည်းအားဖြင့် ဖါးစည်ရောင်းချရာနေရာဟူ၍ အဓိပ္ပါယ်ဖြစ်သည်။ ထိုနည်းတူ “ဃဲဝါး”မြို့ ဟု ခေါ်ကြခြင်းမှာ ကရင်လူမျိုးတို့ သာ ခေါ်ခြင်းဖြစ်သည်။ သို့ သော် ရှမ်းတို့ က ဤမြို့ အား “တုကော”ဟုခေါ်သည်။ ဗမာလူမျိုးများက ရှမ်းလူမျိုးများခေါ်ကြသည့် အတိုင်း လိုက် ခေါ်ကြသည်။ သို့ သော် ရှမ်းကဲ့သို့ ပီပီသသမခေါ်နိုင်ချေ။ ထို့  ကြောင့် “တုကော”သည် နောက်ဆုံး “တကောင်း”ဟူ၍ ယခုတိုင်တွင် ကျန်ခဲ့ခြင်းဖြစ်သည်။

သို့ ရာတွင် မြစ်ကိုမူ အဘိုး“ဃဲဝါး”၏ အမည်ဖြင့် မှည့်ခေါ်ထားသောကြောင့် “ဃဲဝါး”မြစ်ဟု ခေါ်တွင်လေသည်။ မြစ်၏ အောက်ဖက်ပိုင်းကိုမူ “အဘိုးပလေး”၏ အမည်ဖြင့် မှည့်ခေါ်ထားပြန်ရာ “ပလေ”မြစ်ဟူ၍ တွင်လေတော့သည်။ ဤအကြောင်းမှာမူ “အဘိုးဃဲဝါး”သည် ကရင်လူမျိုးအား ပထမပိုင်းတွင် ဗမာပြည်သို့ ရောက်အောင် ကွပ်ကဲခေါင်းဆောင်ပြီး ပို့ ဆောင်ခဲ့သူတယောက်ဖြစ်သည်။ “အဘိုးပလေး”မှာမူ ကရင်တို့  ဗမာပြည်တွင်းသို့ ရောက်ပြီးနောက် အောက်ဖက်သို့  စုံဆင်းရာ၌ ကရင်တို့ ကို ကွပ်ကဲခေါင်းဆောင်ခဲ့သူ တယောက်ဖြစ်သည်။ ထို့ ကြောင့် ကရင်ထုံးစံအရ ယခုဧရာဝတီမြစ်၏နာမည်မှာ နှစ်မျိုးဖြစ်နေခြင်းဖြစ်သည်။ မြစ်အထက်ပိုင်းအား “ဃဲဝါး”မြစ်ဟု ခေါ်ပြီး အောက်ပိုင်းကိုမူ “ပလေး”မြစ်ဟူ၍ ခေါ်ခြင်းဖြစ်သည်။ နောက်ပိုင်း အချိန်များကြာညောင်းသွားသောအခါ ကရင်တို့ သည် အထက်ပိုင်းတွင်မနေကြတော့ဘဲ အောက်ပိုင်းသို့  အားလုံးရွေ့ ပြောင်းရောက်ရှိလာကြလေသည်။ ယင်းကြောင့် ဧရာဝတီမြစ်အထက်ပိုင်း၏ မူလအမည်“ဃှဲဝါးကလိုး”မှာ တဖြေးဖြေးခြင်း တိမ်ကောပပျောက်ပြီး ဤဧရာဝတီမြစ်ကြီးကို “ပလေးကလိုး”ဟူ၍သာ အများသိကြလေတော့သည်။ နောက်ဆုံးတွင် ဤမြစ်အမည်မှ “ပလေးကလိုး”ဟူ၍သာတွင် ကျန်ရစ်လေတော့သည်။ သို့ ရာတွင် မွန်၊ဗမာတို့ က ဤမြစ်အား ကုလားများခေါ်သကဲ့သို့ အင်္ဂလိပ်များနည်းတူ ဧရာဝတီမြစ်ဟူ၍ ယနေ့ တိုင် ခေါ်ကြလေသည်။
ဖားစည်သံမှကူးယူပါသည်

No comments:

Post a Comment