BC ၆၀၀ နောက်ပိုင်း ရှမ်းနှင့်ကရင်တို့ ပူးပေါင်းပြီး မောင်းထုတ်လိုက်ကြသည့် ကုလားများမှာ ဗမာပြည်သို့  ထပ်မံဝင်ရောက်လာကြပြီး ရှမ်းများကို တိုက်ခိုက်အနိုင်ယူလေသည်။ ၎င်းကုလားတို့ သည် ရှမ်းများအား တဖန်နှင်ထုတ်ပြီး“ပုဂံမြို့ ဟောင်း”ဟု ခေါ်သည့်မြို့ ကို တည်ထောင်လေသည်။ဤမြို့ သည် တကောင်းအနီးတွင်ရှိပြီး ကုလားတို့ သည် ထီးနန်းများစိုက်ကာ အုပ်ချုပ်လေတော့သည်။ ပထမဦးဆုံး အုပ်စိုးသည့် ကုလားမင်းမှာ တဇရာဇာ(ဗမာများက ၎င်းတို့ ၏ ပထမဉ်းဆုံးမင်းဟု ဆိုသည်) ဖြစ်သည်။ ကုလားမင်းများ အုပ်ချုပ်ခဲ့ရာတွင် တဇရာဇာမှ သတိုးရွှေမင်းအထိ မင်းဆက် စုစုပေါင်း ၆ ဆက်ရှိပြီး သတိုးရွှေမင်းလက်ထက်၌ပင် မင်းဆက်ပြတ်သွားလေတော့သည်။ သတိုးရွှေမင်း စိုးစံနေချိန်တွင် နာဂလူမျိုးတဦးသည် မိဖုရားတဦးနှင့် လာရောက်ရင်နှီးအောင် ပြုလုပ်ပြီး လျှို့ ဝှက်စွာ ပေါင်းသင်းနေထိုင်ခဲ့လေသည်။ မိဖုရား၏အမည်မှာ ကိန္နရာဒေ၀ီ ဖြစ်သည်။ ယင်းနောက်တွင် နန်းတက်အုပ်စိုးသည့် မင်းမှန်သမျှကို ညအချိန် အိပ်ပျော်နေစဉ် အသတ်ခံရလေတော့သည်။ ယင်းကြောင့် ကုလားဘုရင်၏အုပ်စိုးမှုသည် မတည်မငြိမ်ဖြစ်လေသည်။ တကောင်းတွင် အုပ်စိုးသည့်ဘုရင် ၁၇ပါး အနက် ရှေးဦးစွာ အုပ်စိုးခဲ့သည့် ဘုရင် ၁၆ မြောက်အထိ ဤဘုရင်များသည် အချိန်တိုအတွင်းသာ စိုးစံခဲ့ရပြီး ဤနာဂလူမျိုး၏ သတ်ဖြတ်ခြင်းကို ခံကြရသည်။ ၎င်းတို့ ညအချိန် အိပ်ပျော်နေစဉ် အသတ်ခံကြရခြင်းဖြစ်သည်။ ဤကဲ့သို့ အုပ်စိုးသည့်ဘုရင်များ တယောက်ပြီးတယောက် အချိန်တိုအတွင်း အသတ်ခံကြရသဖြင့် တကောင်းတွင် နန်းတက်ကာ ဘုရင်အဖြစ် အုပ်စိုးမည့်သူ မရှိသလောက် ဖြစ်လာတော့သည်။
ဤသို့ အားဖြင့် တနေ့ တွင် ကရင်တယောက်ဖြစ်သည့် စောမောပွယ်(ဗမာလို မောင်ပေါက်ကျိုင်းဟုခေါ်သည်)သည် ယူနန်ပြည် တာလီဖူ့  (Talifu)ဲမြို့ တွင် နေထိုင်ခဲ့ရာမှ တကောင်းမြို့ သို့  သွားရောက်ခဲ့သည်။ ဤတကောင်းပြည်၌ အုပ်စိုးသူဘုရင်မရှိကြောင်း သူကြားသိရသည်။ ထိုအခါ စောမောပွယ်က တိုင်းသူပြည်သားများအား ဤတိုင်းပြည်တွင် သူဘုရင်လုပ်အုပ်စိုးမည်ဟု ပြောဆိုလေသည်။ တိုင်းသူပြည်သားများကလည်း စောမောပွယ်အား ဘုရင်လုပ်သူတိုင်း နာဂလူမျိုးတဦးက သတ်ဖြတ်ခဲ့သဖြင့် ရှင်ဘုရင်အတော်များများ နတ်ရွာစံပြီးဖြစ်ကြောင်း ပြောဆိုလေသည်။ ထိုကြောင့် တိုင်းသူပြည်သားများက စောမောပွယ်သည် ရဲရင့်သူတယောက်ဖြစ်သဖြင့် နာဂလူမျိုးကို မုချ အနိုင်ယူနိုင်မည်ဟု ယူဆသောကြောင့် ၎င်းအား တကောင်းဘုရင်အဖြစ် စိုးစံရန် ခွင့်ပြုလိုက်သည်။ တာလီဖူ့ မြို့ နှင့် တကောင်းမြို့ တို့ ၏ အကွာအဝေးမှာ မိုင် ၃၃၀ ခန့် ရှိပြီး လမ်းခရီးတွင် ၁၁ ရက် ကြာမြင့်သည်။
စောမောပွယ် ဘုရင်ဖြစ်လာသောအခါ ပထမဦးဆုံးလုပ်ရသည့်အလုပ်မှာ ထိုနာဂလူမျိုးတယောက်ကို စောင့်ပြီး သတ်ဖြတ်ဖို့ ဖြစ်သည်။ စောမောပွယ်သည် လူတယာက်နှင့်အရပ်အမောင်းတူ ငှက်ပျောပင်တပင်ကို ခုတ်လှဲပြီးဘုရင်အိပ်စက်သည့်နေရာတွင် ထားရှိကာ စောင်နှင့် အသေအခြာခြုံထားစေသည်။ တဉ်းတယောက်အိပ်စက်နေသည့် သဏ္ဍန်အလား ပေါ်လွင်စေသည်။ ထို့ နောက် စောမောပွယ်ကမူ အခန်း၏ ဒေါင့်တနေရာတွင် ကွယ်၍ ပုန်းအောင်းနေလေသည်။ နာဂလူမျိုးတဦး၏ အလာကို စောင့်နေလျက်ရှိသည်။ ညသန်းခေါင်အချိန်ရောက်သောအခါ ထိုနာဂူမျိုးသည် ဘုရင်၏နန်းတော်အတွင်းသို့ ဝင်လာပြီး မိဖုရားနှင့်အိပ်စက်ရန် အခန်းတွင်းသို့ ဝင်သွားလေတော့သည်။ အခန်းတွင်းသို့ ရောက်သောအခါ အိပ်ယာပေါ်တွင် အသစ်စက်စက် နန်းတက်လာပြန်သော ဘုရင်တပါး အိပ်စက်လဲလျောင်းနေသည်ကို တွေ့ ရလေသည်။ ထိုအခါ ယင်းနာဂလူမျိုးသည် ၎င်းနှင့်အတူ ပါလာသည့်မှိန်းဖြင့် အိပ်စက်နေသည်ဟု ထင်ရသောဘုရင်အား အရှိန်ပြင်းပြင်းဖြင့် ထိုးသတ်လေသည်။ ထိုအခါ မှိန်းသည် ငှက်ပျော်ပင်တွင် နက်ရှိုင်းစွာ စိုက်ဝင်သွားသဖြင့် နာဂလူမျိုးသည် ချက်ချင်းမှိန်းကို ပြန်နှုတ်ယူ၍မရချေ။ ဤကဲ့သို့ ဖြစ်နေစဉ် ဒေါင့်တနေရာတွင် မှောင်ရိပ်ခိုပြီးစောင့်နေသည့် စောမောပွယ်သည် ထိုနာဂလူမျိုး၏ဦးခေါင်းကို လျင်မြန်စွာ ခုတ်ဖြတ်လိုက်လေတော့သည်။ ထို့ နောက် စောမောပွယ်သည် “သတိုးမဟာရာဇာ”ဘွဲ့ အမည်ကို ရရှိပြီး တကောင်းတွင် ၁၇ ဦးမြောက်ဘုရင်ဖြစ်လာလေတော့သည်။
ဖားစည်သံမှကူးယူပါသည်
Saturday, May 8, 2010
စောမောပွယ် တကောင်းမြို့ တွင်ဘုရင်ဖြစ်လာပုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment