Friday, May 14, 2010

ဗိုလ်ထိန်မောင် ဘယ်လဲ


ဘာဘဲပြောပြောရာဇ၀င်ရှိတယ် ခုတော့လဲထိန်မောင်ဒါတွေပြီးခဲ့ပါပြီး ဗိုလ်
ထိန်မောင်တယောက် ယုံကြည်ချက်ကိုစွန့် ပြီး ရန်သူသြဇာခံပြီးလမ်းမှာလိုက်သွားခဲ့ပြီး ဖဒိုမန်းရှာပြောခဲ့တဲ့စကားလေ ကရင်မှန်ရင် ကရင်အသိုင်းအ၀န်းမှာဘဲနေကြရမယ် တခြားလူမျိုးရဲ့ သြဇာကိုသွားခံစရာမလိုဘူးတဲ့ ကဲဗိုလ်ထိန်မောင်ရေ လမ်းမှားမှန်သိရင် အမြန်ဆုံးလမ်းမှန်ကိုပြန်လာခဲ့ပါတော့ ငမိုက်သား DKBAတွေတော့ စစ်အစိုးရလစာတွေစားပြီး ကိုယ့်လုမျိုးကိုပြန်နှိပ်စက်မှာမြင်ရောင်ပါသေးတယ် ရွေးကောက်ပွဲဝင်တဲ့ ကရင်တွေလဲမထူးပါဘူး စစ်အစိုးရ သြဇာကိုသွားခံတာပါဘဲ အရိုးအရင်းလေးရမလားလို့ လေ ဒါပေမဲ့အားလုံးဟာ ကရင်တွေပါဘဲ ဘယ်လိုဘဲသဘောထားကွဲနေပေမဲ့  အရေးကြီးရင်သွေးနီးကြဖို့ အရေးကြီးပါတယ် ကရင်တွေမှာအဲဒါနဲနဲအားနည်းတယ် အရေးကြီးရင် ကွဲကြတော့တာဘဲ အဲဒီအချက်က ဗမာတွေနဲ့ ကွာတယ် ကွဲတဲ့နေရာမှာတော့ ရာဇ၀င်နဲ့ ကိုလာတာ အဖေကရင် အမေကရင်ဆိုပြီး ကွဲတယ်ဗျာ ဆက်မပြောချင်တော့ပါ မိမိလူမျိုးရဲ အားနည်းချက် အားသာချက်တွေကို သိထားပြီး ပြုပြင်သင့်တာပြုပြင်ရမယ်ထင်ပါတယ် ကျနော့အနေနဲ့ သုံးသပ်ကြည့်မယ်နော်
ကျနော်ကဂျပန်မှာနေတာဆိုတော့ ဂျပန်လူမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရအောင် ကရင်လူမျိုးဟာရိုးသားတယ် ဂျပန်တွေလဲရိုးသားကြတယ် Good သိပ်ကောင်းပါတယ် ချစ်စရာကောင်းတဲ့အမှုအကျင့်လေးပါ ဒါပေမဲ့ ကရင်တွေဟာ ကျနော်အပါအ၀င် အပျင်းကြီးပါတယ် မကြိုးစားကြဘူး အဲဒီအချက်မှာ ဂျပန်တွေနဲ့ ကွာတာပါဘဲ ရိုးသားတယ် မကြိုးစားဘူးဆိုရင်တော့ ဒရ၀မ်းတို့ ခြံစောင့်တို့ အိမ်ဖော်တို့ သူများခိုင်းတဲ့နေရာမှာဘဲနေရမှာဘဲ ကရင်တွေဟာ အဲဒီမကြိုးစားတဲ့အချက်လေးနဲ့ ဒီလိုခံနေရတာပါဘဲ ကျနော်ဂျပန်မှာအလုပ်လုပ်တာ သူတို့ လူမျိုးတွေနဲ့ ယှဉ်လုပ်နိုင်အောင်တော်တော် ကိုကြိုးစားရပါတယ် ပထမပိုင်းမှာတော့သူတို့ ကိုမမှီပါဘူ ဒါပေမဲ့ နေ့ တိုင်းနေ့ တိုင်း ကြိုးစားတယ် တနေ့ တနေ့ ဟာ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ နေု့ ကြိုးစားတဲ့ နေတွေကြီးဘဲ အခုတော့ သူတို့ နဲ့ တန်းတူနီးပါးလုပ်နိုင်လာနိုင်ပါတယ် ကျနော်ဆိုလိုချင်တာက လူဆိုတာ ကိုယ့်ကိုကိုလေ့ကျင့်ပေးရင် ကျင့်သားရလာတာပါဘဲ ဒီလိုပါဘဲ အခုနိုင်ငံတကာမှာရောက်ရှိနေတဲ့ ကရင်အဖွဲ့ အစည်းခေါင်းဆောင်တွေ ပညာတတ်ကရင်တွေ အတွေ့ အကြုံရင့်ကျက်နေတဲ့ ကရင်တွေရှိကြပါတယ် ကိုယ်လူမျိုးကို ကို လေ့ကျင့်ပေးကြပါ ကိုယ်လူမျိုးကို ကိုမလေ့ကျင့်ပေးရင် သူများလက်အောက်မှာ အောက်ကျနှောက်ကျနေကြရမှာဘဲ ကရင်လူမျိုးဟာ စာပေ စကား ယဉ်ကျေးမှုစတဲ့လူမျိုးတမျိုးရဲ့ ဂုဏ်နဲ့ ပြည့်စုံပါတယ် ဒါပေမဲ့အဲဒီလူမျိုးမှာ တိုင်ပြည်မရှိဘူးဆိုရင်ရည်ရှည်တည်တန့် ဘို့မလွယ်ပါဘူး အခုတောင်ကရင်ဖြစ်လျှက်နဲ့ကရင်အမည်မခံတဲ့သူတွေတော်တော်များနေပါပြီး ကရင်လို့ ပြောရမှာရှက်တယ် ဗမာတွေနှိမ်ခံရလိမ်မယ်စသည်ဖြင့်ပေှါ့ ဒါတွေကတော့ ကျနော်ထင်ကြေးနဲ့ပြောနေတာမဟုတ်ပါဘူး တကယ်တွေ့ ဖူးလို့ပါ အဲဒီတော့ တိုင်းပြည်တခုကိုတည်ထောင်တဲ့နေရာမှာ အဓိကအရေးကြီးဆုံးကတော့ စိတ်ဓါတ်ပါဘဲ ကရင်တိုင်းမှာ တနေ့ ငါတို့ တွေဟာ ကို့တိုင်းပြည်နဲ့ ကိုနေရတဲ့ လူမျိုးဖြစ်ရမယ်လို့စိတ်နှလုံးထဲထားရမှာဖြစ်ပါတယ် ယုံကြည်ချက်အတိုင်းလဲရောက်အောင်သွားရမှာဖြစ်တယ် နောက်အချက်တွေကတော့ စစ်ရေး နိုင်ငံရေး ပညာရေး စီးပွားရေး တွေပေါ့ဗျာ စစ်ရေးမှာတော့ KNU တနည်းအားဖြင့် KNLA ပေါ့ဗျာ ရှိပါတယ် အရမ်းတော်ပါတယ် ကျနော်တို့ ကရင်တိုင်းပြည်ထူထောင်ဖို့ အတွက်စစ်ရေးဘက်မှာ အနှစ်ခြောက်ဆယ်ကျော် ရနေ့ ထိတိုင် အဆင်သင့်နေရာမှာရှိနေဆဲပါဘဲ ကျန်တဲ့ လိုအပ်ချက်တွေမှာ ဘယ်သူ တွေဆီမှာတာဝန်ရှိပါသလဲ --

ဆက်ဖတ်ရန်>>>

Sunday, May 9, 2010

The Truth about KNU

The Truth about KNU

ဆက်ဖတ်ရန်>>>

မျိုးချစ်ကရင်များ၏ မျက်ရည်

မျိုးချစ်ကရင်များ၏ မျက်ရည်
ဆက်ဖတ်ရန်>>>

Saturday, May 8, 2010

ကရင်လူမျိုးများဆင်းသက်လာပုံ


ဆက်ဖတ်ရန်>>>

ကရင်နှစ်သစ်ကူးနေ့ နှင့် ကရင်သက္ကရာဇ်

ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတ၀ှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့်မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပို
ုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကားမိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။ကရင်နှစ်
သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာ
သုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်
လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။

အကြောင်းစုံဆိုရသော် …

ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင် ရင်းနှီးသူများ ရောက်လာကြသည်။ လာရသည့် အကြောင်း
ရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို ဘယ်လိုလဲ၊ အံ့သြစရာပဲ၊ တယ်ဆန်းကျယ်ပါလား၊ ရှင်းပြ
ပါဦး ဆို၍ အသီးသီးမေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေမျှသာ ဖြစ်ခဲ့သည်။ ကျေနပ်မှု ရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာ မပေါ်ခဲ့ပေ။ကရင်လူငယ်တသိုက်လည်း အားရ၀မ်းသာရှိလှသည်။ နှစ်သစ်ကူးနေ့ပွဲ စည်ကားရန်နှင့် နှစ်စဉ်ပိုမိုစည်ကား သိုက်မြိုက်စွာ ပြုလုပ်ရန် ကြိုးပမ်းကြသည်ကို တွေ့မြင်နေရသည်မှာ ၀မ်း
မသာဘဲ မရှိနိုင်ပေ။ နှစ်စဉ် ပိုမိုစည်ကားစေရန် ကြိုးစားလျက်ပင်၊ ထို့ကြောင့်လည်း မိုမိုစည်ကားလျက်ပင်
တည်း။သို့သော်ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကားရန် ပိုမိုထွန်းတောက် လာမည့်အစား မှေးမှိန်စေ
သော အကြောင်းအရာတချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်အချို့သည် ကရင်စာအုပ်စာတမ်းများကို ရှာ
ဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။ ကရင်သက္ကရာဇ်ဟာ ယုံမှားစရာ
ဝီစိကိစ္ဆာ ရှိစရာပဲလို့ မြည်လာပေသည်။ ထိုသို့ မြည်သံကား မကျယ်သေး။ ပို၍ မကျယ်မီ ယုံမှားသံသယ ကင်း
စင်အောင် ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းဆိုသည့် ကဏ္ဍမှာ ဇန်န၀ါရီလ (၁)ရက်နေ့ ရွေးရမလား၊ ဆရာယုဒသန် ရောက်သောနေ့ကို ရွေးရမလား။ ပြဿနာပေါ်ပေါက်သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်နိုင်
ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတ ပညာရှင်တို့က ယူဆကြသည်။ဤကဲ့သို့ တွေးထင်ကြသူ
များအား အပြစ်ဆိုစရာ မရှိပေ။ ဤပြဿနာ ရှိသမျှ ကာလပတ်လုံး ကရင်နှစ်သစ်ကူး ပွဲတော်နေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း တောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဖက်သို့သာယိုင်အံ့။ ကျေနပ်လောက်အောင် သံသယ မရှိလောက်အောင် ရှင်းလင်းဖို့ လိုပေသည်။
၁။ ပဲခူးနယ်၊ ဟင်္သာတနယ်၊ တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးကြသည်။ သို့သော် မကွယ်ပျောက်သေး။
၂။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခု ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေးထိုင်ခုတ်ဖို လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့သည် ပြာသိုလဆန်း(၁)ရက်နဲ့ (၂)ရက်တွင် ကျရောက်သည် ဟု ဆိုထားပေသည်။ (ွှ့The Karen New Year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟုပါရှိသဖြင့် Bill ဘီလ် ဥပဒေကြမ်းကို ဖတ်မိလျှင် မည်သည့်နေ့ကို ရွေးချယ်ရမည့်ပြဿနာ မပေါ်နိုင်ပေ။-သတိ- ကရင်နှစ်သစ်ကူးနေ့ ၂-ရက်တောင်း၏။ သို့သော် (၁)ရက်သာ ရ၏။
(က) မြေပြန့်ကရင် ပြာသိုလဆန်း(၁)ရက်၊ သလေး၊ ထိုင်ခုတ်ဖို (၁)ရက်နေ့တွင်ကျင်းပ၏။
(ခ) ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲ လဆန်း (၁)ရက်နေ့တွင်ကျင်းပ၏။
(ဂ) ဖားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင် ကရင်များ နယုန်လအတွင်း စနေနေ့ကျသော နေ့တ
နေ့တွင် ကျင်းပ၏။
(ဃ) ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်း လဆန်း ပထမစနေနေ့မှာ ကျင်းပ၏။(ကိုးကားချက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ် ၁-၂က၊ ခ၊ဂ၊ဃ၊) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးက ရှိခဲ့ဖူးကြောင်း ထင်ရှားလှ၏။ သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ကရင်နှစ်သစ်ကူးပွဲတော်နေ့ အသက်ဝင်လာပုံသေကံမရောက် သက်မပျောက်ဆိုဘိသကဲ့သို့ ပျောက်ကွယ်လု သေလုဆဲဆဲတွင် ကရင်နှစ်သစ်ကူး
ပွဲတော် သည် တဖန်ပြန်လည်၍ အသက်ဝင်လာ၏။ ဟင်္သာတနယ်၊ တောင်ငူနယ်၊ ပဲခူးနယ်တို့မှ နှစ်သစ်ကူးပွဲ
တော်ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားသော ကရင်လယ်သမားကြီးတို့ အားနည်းချည့်နဲ့နေသောကရင်
နှစ်သစ်ကူးနေ့ ပွဲတော်ကို ရှေးကကဲ့သို့ စည်ကားလှအောင် ဖော်ထုတ်လိုကြ၏။ သူတခွန်း၊ ကိုယ်တခွန်း တစတစနှင့် နိုင်ငံတော်ရက်အားဖြစ်ပြီး တနိုင်ငံလုံးရှိ၊ ရုံးများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေ
သော နိုင်ငံတော်ရက်အားဖြစ်စေလို၏။ကရင်နှစ်သစ်ကူးပွဲတော်သည် ရှေးပသဏီ နှစ်ပေါင်းများစွာက နှစ်ပေါင်း ၂၇၀၀ ကျော်လောက်ကပင် ကျင်းပခဲ့ ကြ၏။ တခါတရံ မှေးမှိန်၍ တခါတရံ စည်ကားလှ၏။ အင်္ဂလိပ်ခေတ်တွင် ကံခေ၍ ကွယ်ပျောက်လုနီး ဆင်းရဲလှ၏။ စတိမျှသာ ကျင်းပသော ဘ၀နှင့်ကြုံခဲ့ရ၏။ ဟင်္သာတ၊ ပဲခူး၊ တောင်ငူ
တွင် အလွန်နည်းလှသော အချို့ကရင် လယ်သမား တို့သည် ပြာသိုလဆန်း (၁)ရက်နေ့ နံနက် နေထွက်တပြူ၌ ကောက်ဦးစားပွဲကျင်းပကြ၏။ ပဲခူးဘုရင်မ ရှင်စောပု လက်ထက်က နှစ်သစ်ကူးပွဲ အလွန်စည်ကားကြောင်း
နံနက်လက်ဖက်ရည်ကြမ်းဝိုင်းတွင် လူကြီးများ ပြောကြဆိုကြသည်ကို ငယ်စဉ်ကတည်းက ကြားသိခဲ့ ရသည်။ကရင်နှစ်သစ်ကူးပွဲတော် ပြန်လည်ပေါ်ထွက်ရန်စတင်လာပုံနယ်များမှ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖော်ထုတ်လိုသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိတို့ ကိုယ်စားလှယ် မင်းတိုင်ပင် အမတ်များကို ဆာင်ရွက်
ပေးပါရန် မေတ္တာရပ်ခံကြ၏။ တစ်ယောက်ကစ တရာဆိုဘိ အလားပြန့်နှံ့သွား၏။ မင်းတိုင်အမတ်၊ ကိုယ်စား
လှယ်များမှာ နှစ်သစ်ကူး ပွဲတော်ကို ဖော်ထုတ်ပေးရန်တာဝန်ယူကြရ၏။အမျိုးသားထု၏ ဆန္ဒနှင့်ကရင်အမတ် ၁၂ ဦးတို့၏ ကြိုးပမ်းချက်ဒေသအသီးသီးရှိ ကရင်လူထုတို့က မိမိတို့နှစ်စဉ် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူး
ပွဲတော်ကို သင်္ကြန်ပွဲတော်၊ ခရစ္စမတ်ပွဲတော်တို့ကဲ့သို့ အစိုးရ အသိအမှတ်ပြု ပြည်ထောင်စု တ၀ှမ်းလုံးရှိ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော အများပြည်သူ အားလပ်ရက် နိုင်ငံတော်ရက်
အားဖြစ်စေလိုကြသည်။ ၎င်းကို ဆောင်ရွက်ပေးပါရန် တောင်းဆိုလာကြရာ ကရင်အမျိုးသား ခေါင်းဆောင်များ
ကလည်း မိမိတို့၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် တာဝန်ယူ ကြိုးပမ်းလေတော့သည်။အမတ် ၁၂ ဦးတို့၏ ဆွေး
နွေးချက်လွှတ်တော်အတွင်းရှိ ကရင်အမတ် ၁၂ ဦးသည် အမှတ်(၂၅၃)၊ မောင်ဂိုမာရီလမ်း (ယခုအခါဗိုလ်ချုပ်အောင်ဆန်းလမ်း) စောမြတ်သိန်း၏ တိုက်ခန်းတွင် နှစ်သစ်ကူးနေ့ကိစ္စကို တိုင်ပင်ဆွေးနွေး
ကြ၏။ အချို့အမတ်များသည် စိတ်မ၀င်စားကြပေ။အကြောင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်သည် ခေတ်မမှီဟု ယူဆကြသည်။ လာမည့် ၁၉၃၈ ခုနှစ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း(၁)ရက်သည် ဇန်န၀ါရီလ(၁)ရက်နေ့တွင်သာကျ၏။ ၎င်းအပြင် နောင်လာမည့် နှစ်များတွင်လည်း ကရင်နှစ်သစ်ကူးနေ့သည် ခရစ္စမတ် ဒီဇင်ဘာ (၂၅) ရက်နေ့နှင့် ဇန်န၀ါရီ (၁) ရက် ကမ္ဘာ့နှစ်သစ်ကူးနေ့ရက် ပတ်ဝန်းကျင်တွင်သာ လှုပ်ရှားနေ၍ ကရင်တို့ ပိုက်ဆံကုန်ပြီး လူပင်ပန်းမည်ဟုဆို၏။၎င်းအပြင် သင်္ကြန်သည် ကရင်ဗုဒ္ဓဘာသာများ၏ နှစ်ကူးရက် ဖြစ်သည်။ ခရစ်စမတ်နေ့လည်းရှိသည်။ နယူးရီးယား မလိုပါဟု ဆိုလာကြသည်။ပထမအကြိမ် ဆုံးဖြတ်ချက်
မကျ၊ ဒုတိယအကြိမ်တွင် ဂျွန်ဆင် နှင့် စောမြတ်သိန်း တို့ လိုသလိုလုပ်ကြ ဟူ၍ ဆုံးဖြတ်ချက် ကျလာခဲ့
သည်။ဆောင်ရွက်ပုံဂျွန်ဆင်နှင့် မြတ်သိန်းတို့သည် လွှတ်တော်အတွင်းဝန်ကြီး မွန်ဝတ်လုံ ဦးဘဒွန်း (B.A. Bar at law) နှင့် ဆွေးနွေး၏။ လွှတ်တော်လုပ်ငန်းတွင် အကျွမ်းအကျင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။ မင်းတို့ ကိစ္စက မလွယ်ဘူး။ အမတ်တဦးက ကန့်ကွက်လျှင် ခက်သွားမည်။ လွှတ်တော်အမတ် ၁၃၂ ယောက်ရှိ၍ မင်းတို့ ၁၂ ယောက်ရှုံးမှာပဲ ဟု အားပေးပြောကြား လိုက်သည်။ထိုအခါ ဂျွန်ဆင်က ဖြစ်နိုင်တဲ့လမ်းကိုရှာပြီး အကြံပေးပါ။ အကူအညီပေးပါ။ ဉာဏ်ထုတ်ပါ လို့ တိုက်တွန်း၏။ ဦးဘဒွန်းက ငါတတ်နိုင်သလောက်ကူညီမယ်၊ နက်ဖြန်လာပါ ဟုဆို၏။ ချိန်းဆိုရက်တွင် ဦးဘဒွန်းက လမ်းတော့ရှိတယ်၊ ဒါလဲ မလွယ်ဘူး ဟုဆိုပြီး အောက်ပါအတိုင်း ရှင်းပြ၏။ဥပဒေကြမ်း Bill သွားရိုးလမ်းစဉ်
၁။ Bill ရေး၊ မဲဖောက်၊ လွှတ်တော်တွင် တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူများလျှင် Bill သေ၏။
၃။ တင်သွင်း၍ရသော်လည်း အမတ်တဦးက ရွေးချယ်ကော်မတီသို့ပို့ရန် အကြံပေးနိုင်၏။ ပို့သော် တနှစ်လောက် ကြာ၏။
၎။ ၎င်းမှ ပြန်လာသော် ဆွေးနွေးနိုင်သည်။ မဲရှုံးလျှင် Bill သေ၏။
၅။ အမတ်တဦးက ပြည်သူ့ထင်မြင်ချက် တောင်းဖို့ အကြံပေးနိုင်၏။ တောင်းက ၂-နှစ်လောက် ကြာနိုင်သည်။ ၎င်းမှပြန်လာလျှင် လွတ်တော်တွင် ဆွေးနွေးရ၏။ မဲရှုံးလျှင် Bill သေ၏။မဲနိုင်လျှင် -
၆။ အထက်လွတ်တော်သို့ တက်ပြီး၎င်းမှ -
၇။ ဘုရင်ခံထံသို့ ရောက်၏။ အင်္ဂလိပ်စီးပွားရေးကို မထိခိုက်လျှင် လက်မှတ်ထိုး၏။ Bill သည် ACT ဖြစ်လာ၏။
ဥပဒေကြမ်း Bill ဖြတ်လမ်း
၁။ Bill ရေးမဲဖောက်တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူမရှိအောင် မလွယ်ပါ။
၃။ ကန့်ကွက်သူမရှိသော် ၃၊၄၊၅၊၆ အဆင့်ကို ကျော်လွှား၍ Governor in council ဘုရင်ခံနှင့် ၀န်ကြီးစုံညီ အစည်းအဝေးတွင် ၀န်ကြီးများအားလုံး သဘောတူ၊ မေတ္တာရပ်ကာ လွတ်တော်တွင် ကန့်ကွက်သူမရှိသော် Bill ကို လက်မှတ် ထိုး၍ ACT ပြုနိုင်၏။ ACT ဖြစ်လျှင် ကရင်နှစ်သစ်ကူးနေ့သည် ဂေဇက်ဝင် နေ့တနေ့ဖြစ်
လာသည်။သွားရိုးသွားစဉ် လမ်းနှင့်မအောင်နိုင်၊ ကန့်ကွက်သူ မရှိအောင် စွမ်းနိုင်သလား ဟုမေး၏။ ကြိုးစားမယ် ဆိုပြီး Canteen စားသောက်ခန်းမသို့ သွားကြ၏။ ဆွေးနွေး၏။ အကြံရ၏။အကြံကောင်းလျှင်တချက်ထိုစဉ်က လွှတ်တော်အမတ်များ လစာမရှိသေး။ လိုချင်ကြ၏။ မည်သူတဦးတယောက်မှ လစာဥပဒေကြမ်းကို မတင်ရဲကြ။ ခဲပေါက်ခံရမှာကြောက်ကြသည်။ အကြံမှာ ဒို့ ကရင်နှစ်သစ်ကူးပွဲ ဥပဒေကြမ်းကို တင်မည်။ မကန့်ကွက်လျှင် အမတ်လစာ ဥပဒေကြမ်းကို တင်မည်ဟု လက်တို့မည်။ ဒီလိုဆို ကန့်ကွက်သူ မရှိဖြစ်ပြီး ဒို့-ကရင်နှစ်သစ်ကူးပွဲ အောင်ရမယ် လို့ တိုင်ပင်တယ်။(၂)ဦး သဘောတူ လစာဥပဒေကြမ်းကို တင်မည်ဟု ခဲကိုအရဲစွန့်ပြီး Challenge (စိန်ခေါ်)လိုက်တယ်။စိန်ခေါ်ပြီးနောက် လွှတ်တော်စားပွဲခန်းတွင် မြတ်သိန်း နှင့် ဂျွန်ဆင် မျက်နှာပွင့်၏။ စားပွဲခန်းမထဲဝင်လျှင် စားပွဲတိုင်းက ဂျွန်ဆင်၊ မြတ်သိန်း၊ လာပါ၊ထိုင်ပါ၊ ကြိုက်တာ အော်ဒါ လုပ်ပါ ဟု ဖိတ်ခေါ်ခဲ့သည်။ စားသောက်ပြီးက Members salary bill ကို တင်ပါ။ မကြောက်ပါနဲ့ လို့ တိုးတိုးအားပေးကြ၏။ Karens’ New Year Day Bill ကို ဦးဘဒွန်းက ရေးပြီး ဂျွန်ဆင်က တင်၏။သခင်အောင်ဆန်းနှင့်
တွေ့ဆုံပုံဂျွန်ဆင်နှင့် မြတ်သိန်းတို့ Members salary bill တင်မယ်လို့ သတင်းပြန့်ပွားတယ်။ နှစ်ရက်ကြာမှ ဖေဗီယမ် ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖေဗီယမ်ပါတီ အတွင်းရေးမှူးတို့ ရောက်လာသည်။ ဦးဘခိုင်၊ စောမြတ်သိန်းတို့ အလွန်ရင်းနှီး၏။ စောမြတ်သိန်းလာပါ ဟု မိမိတိုက်ခန်းသို့ ခေါ်သွား၏။ ရောက်သော် သခင်အောင်ဆန်းနှင့် သခင်လှရွှေတို့ကို တွေ့၏။ တဦးနှင့်တဦး နှုတ်ဆက်ကြသည်။ပြီးတော့ သခင်အောင်ဆန်းက စောမြတ်သိန်း Members salary bill တင်မယ်ဆို၊ ဟုတ်ရဲ့လား ဟု မေး၏။သိန်း … ဟုတ်တယ်တင်မယ်ဆန်း … မတင်ပါနဲ့ဗျာသိန်း … ဘာဖြစ်လို့လဲဆန်း … ဗမာ့လွှတ်တော်ကြီး သိက္ခာကျမယ်သိန်း … သိက္ခာမကျပါဘူး၊ လွှတ်တော်တိုင်းမှာ အမတ်တွေ လစာနဲ့ပဲဆန်း … သူတို့ယူတာ ယူပေါ့။ ကျွန်တော်တို့အမတ်တွေ လစာမ ယူရင်ကောင်းမယ်သိန်း … မယူရင် မကောင်းဘူး၊ တိုင်းပြည်နာမယ်ဆန်း … ဘာဖြစ်လို့လဲဗျာသိန်း … ဘတ်ဂျက်ငွေပို ရှိနေတယ်၊ လခမယူရင် ဒီငွေတွေကို အလကားမထားဘူး၊ Queen’s Own Highlander စကော့တလန် တောင်ပေါ် စစ်သားတွေ ခေါ်ယူမယ်၊ ဘုရင်ခံလည်း စကောလောက် မျက်နှာရှိသွားမယ်၊ ခုလည်း King’s Own Highlander ရှိနေပြီဆန်း … ဟုတ်ရဲ့လားဗျာသိန်း … စဉ်းစားကြည့်လေဆန်း … (ခေါင်းကုတ်လျှက်) ခက်တာဘဲ၊ We are between the deep sea and the devil ဟု ပြော၏။သိန်း … We are between the deep sea and the devil on one side and the green field on the eitherဆန်း … ခင်ဗျားကတော့ လုပ်တော့မယ်၊ သခင်ကိုယ်တော်မှိုင်း ဟောပေးလို့ရတဲ့ မဲတွေ အလွဲသုံးစား မလုပ်ပါနဲ့သိန်း … စိတ်ချပါ၊ မလုပ်ပါဘူးဆန်း … ဗျာ … ခင်ဗျား Good တယ်ထင်ရင် Do သာ Do ပါ ဆို၏။၎င်းနောက် ဦးဘခိုင်က လက်ဖက်ရည်နှင့် တည်ခင်း ကျွေးမွေး၏။ ပြီးတော့ နှုတ်ဆက်၍ လူချင်းခွဲကြတော့၏။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြု ဥပဒေကြမ်းကို လွှတ်တော်သို့ ၂၃-၇-၃၇ နေ့တွင် ဂျွန်ဆင် တင်၏။ ဦးဖိုးမျှင်က ထောက်ခံ၏။ စောမြတ်သိန်းက ကန့်ကွက်သူမရှိအောင် ကြိုတင်၍ လှည့်လည်ကာ လက်တို့၏။ဒါတောင်မှပဲ Mr.Leach (European Leader) က စကားပြောသေး၏။ Amendment ပြင်ဆင်ချက်ပါသည်။ စည်းကမ်းမကျ ဟု ဆို၏။ ဥက္ကဋ္ဌကြီးက မင်း Bill ကို ကန့်ကွက်တာလား၊ ပြင်ဆင်ချက်ကို ကန့်ကွက်တာလား ဟု မေးရာ ဂျွန်ဆင်က You are right လို့ ပြောလိုက်ရာ Laughter ဖြစ်သွား၏။ ထိုအခါ Leach က Bill ကို မကန့်ကွက်ပါ။ မည်သူ Bill ကို ကန့်ကွက်မလဲ ဟု ဥက္ကဋ္ဌကြီးက မေးရာ လွှတ်တော်တခုလုံး ငြိမ်နေ၏။ ဤကား Victory အောင်ပွဲပေတည်း။အဆင့် ၃၊ ၄၊ ၅၊ ၆၊ တို့ကို ကျော်လွှား၍ စောဖေသာ(အခွန်ဝန်ကြီး)က အနည်းငယ် လှုပ်ရှားရသည်မှာ ဘုရင်ခံနှင့် ၀န်ကြီးများစုံညီ အစည်းအဝေးတွင် ကရင်နှစ်သစ်ကူး Bill ကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ။ ၀န်ကြီးများ အားလုံးလည်း သဘောတူသောကြောင့် Bill မှ ACT ဖြစ်ဖို့ လက်မှတ်ထိုးရန် မေတ္တာရပ်ခံ၏။ အသင့်ပင် ဘုရင်ခံလက်မှတ်ထိုး၍ ဥပဒေကြမ်းများ ဥပဒေဖြစ်သွား၏၁၉၃၇ ဒီဇင်ဘာလတွင် တာဝန်အရ ပြည်ထဲရေးဌာနက သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း ၁-ရက်သည် ဂေဇက်ဝင် နိုင်ငံတော်ရက်အား ဖြစ်သည်ဟု ကြေညာ၍ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများကို နိုင်ငံတော်တ၀ှမ်းလုံးတွင် ပိတ်စေ၏။ သေလုဆဲဆဲ ဖြစ်နေသော ကရင်နှစ်သစ်ကူးပွဲနေ့သည် လှလှပပကြီး ထည်ဝါစွာ ပြန်လည် ထွက်ပေါ်လာ၏။ ၂၈-၇-၃၇ နေ့တွင် အမတ်လစာ ဥပဒေကြမ်း Members salary bill ကို ဂျွန်ဆင်တင်၏။ ကန့်ကွက်သူမရှိ။ Bill သည် ACT အဖြစ် အလွယ်တကူ ဖြစ်သွားတော့သည်။ သူ့အကျိုးဆောင်၍ ကိုယ့်အကျိုးအောင်သော သာဓကတခုတည်း။ကရင်နှစ်သစ်ကူးပွဲတော်နေ့ ရရှိခြင်း အဖြစ်မှန်ကို တင်ပြရခြင်း အကြောင်းမှာ တောင်းယူရသော နှစ်သစ်ကူးနေ့ မဟုတ်။ အခွင့်ကောင်း ရသော၊ ညဏ်ထုတ်၍ ခဲကိုစိန်ခေါ်ပြီး လွှတ်တော်တွင် မကြန့်ကြာ၊ သောင်မတင်၊ မကြာသော ရက်ပိုင်းကလေးနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်းကို နောင်လာနောက်သားများ သိထိုက်လှသည်ဟု ယူဆ၍ တင်ပြအပ်ပါသည်။ကရင့်သက္ကရာဇ် (၃)မျိုးရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံယူသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။ နောင်သက္ကရာဇ် ၁၀၁ သို့ရောက်သော် ဒွတ်တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းကြ၏။ အစဉ်အတိုင်း သက္ကရာဇ်ကို ရေတွက်လာရာ ၆၂၄-ခုသို့ ရောက်လာသောအခါ သမုန္ဒရီမင်းက ဒေါဒေါရသကိန်းအရ ၆၂၂-နှစ်ကိုဖြို၍ အကြွင်း ၂-ခုထားပြီးရေတွက်စေ၏။သက္ကရာဇ်ဖြိုရာတွင် ကမ်းယံတို့ သဘောမတူ၊ မဖြိုဘဲ ဆက်လက်၍ ရေတွက်ကြ၏။ နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတချပ် လေကြမ်း
တိုက်ပြီးလွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြား ဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာ ပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စုသုံးစု ကွဲသွားတော့သည်။ပျူတို့မှာ အထက်အညာသို့ပြောင်းရွေ့၍ ယုန်လွှတ်၊ ပုဂံပြည် စသည်တို့ကို တည်ထောင်ကြ၏။ ဖြိုသက္ကရာဇ်ကို ပျူတို့ယူဆောင်သွား ကြသည်။ သက်တို့မှာ အရှေ့အရပ်သို့ ရွှေ့ပြောင်းသွားကြ၏။ ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏။ မရွှေ့ပြောင်း ကြချေ။ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄-သို့ ရောက်သောအခါ ပုပ္ပါးစောရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂-နှစ်ကိုဖြို၏။ အကြွင်း ၂-ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်၏။ ယခုအခါ ကောဇာ သက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော သက္ကရာဇ် ၁၃၂၄ ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ် မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူတော်မူသည့် နှစ်မှ စ၍ ရေတွက်သောကြောင့် မူရင်းမှာမခြား၊ အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမအကြိမ် ၆၂၂-နှစ်၊ ဒုတိယအကြိမ် ၅၆၂-နှစ်၊ နှစ်ပေါင်း ၁၁၈၄-နှစ်ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းသွားစေရန် ဇယားဖြင့် အောက်တွင် ဖေါ်ပြထားသည်။ကမ်းယံသက္ကရာဇ်၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။၂။ သက္ကရာဇ် ၁၀၁ ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။၃။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။၎။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။၅။ ယခု ကမ်းယံသက္ကရာဇ် ၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂ခုကောဇာသက္ကရာဇ်၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ယူသည့်နှစ်ကစ၏။၂။ သက္ကရာဇ် ၁၀၁ ခုနှစ်တွင်၊ သရေခေတ္တရာပြည်တည်၏၃။ သက္ကရာဇ် ၆၂၄ ခုတွင် သုမုန္ဒရီမင်း၊ ၆၂၂ ခုဖြို၏။ ၂ ကြွင်းထား၏။၎။ ဖြို သက္ကရာဇ် ၅၆၄ ပုဂံတွင် ပုပ္ပါးစော ရဟန်း ၅၆၂ ဖြို၏။ ၂ ခု အကြွင်းထား၏။၅။ ယခု ကောဇာသက္ကရာဖ် ဖြိုသက္ကရာဇ် ၁၃၄၂ ခုဖြစ်၏။ထူးကြီးဝေဠုဝန်၊ ဆရာတော်ကြီး ဦးတေရိန္ဒမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင်တတ်တဲ့ ကရင်ဆရာတော်ကြီး ဖြစ်၏။ ယမ်းကံဟာကရင်ဘဲကွ။ ကရင်အစ အင်းမကတဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က (ပြည်မြို့ တောင်ဘက်မှာ ရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင်သက္ကရာဇ်ပဲ။ မှတ်ထားပါ ဟု မိန့်ကြား၏။ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမှာ မူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ်သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ပြောင်းလဲ ခေါ်ဆိုလာသော အမည်ဖြစ်သည် ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။ (စာမျက်နှာ ၁၀ ပြည်ထောင်စု မြန်မာနိုင်ငံ ရိုးရာယဉ်ကျေးမှု - ကရင်) (Sir Arthur Phayer. Translations of Ethnological Society vol:V)၁၉၁၆ ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္ဗည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း၊ မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။ (စာမျက်နှာ ၁၆ ပြည်ထောင်စုမြန်မာနိုင်ငံ ရိုးရာဓလေ့ ထုံးစံများ - ကရင်)၁၉၃၇-နှစ် ကရင်သက္ကရာဇ် အကြောင်း ဆွေးနွေးစဉ်အခါက စာမျက်နှာ ၁၀၊ ၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးတေရိန္ဒ အား ထင်မြင်မှု ပေါ့ခဲ့သည်။ ထိုYအတွက် လက်ဆယ်ဖြာ ဦးထိပ်တင်၍ ကန်တော့ပါ၏။ထိုစဉ်က အထက်ပါ အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေအမတ် ၁၂ ယောက်တို့ ကမ်းယံသက္ကရာဇ်ဟု ဆုံးဖြတ်မည်ဟု သံသယရှိစရာ မလိုပါ။ ဤကားရှေးက ကရင်သက္ကရာဇ် ရှိခဲ့ကြောင်းပါ။တရုတ်ပြည် အနောက်ပိုင်းရှိ ကြီးမားသော တောင်ကြီးများ ၀န်းရံလျှက်ရှိသည့် ကုန်းပြင်မြင့်၊ ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ ကြ၏။ ထီဆဲမဲ့ယွား ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ ၏။ ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ်၊ အချို့ကရင်များ ယူနန်ပြည်မှ ဘီစီ ခမ ၁၁၂၈ တွင် ရွှေ့ပြောင်းလာ၏။ တပိန်၊ မြစ်ငယ်၊ ဧရာဝတီ အတိုင်း စုံဆင်း၏။ အချို့သံလွင်မြစ် အတိုင်းစုံဆင်း၏။ ဗမာပြည်သို့ ဘီစီ ခမ ၁၁၂၅ တွင် ရောက်၏။ ဒုတိယအသုတ် ဘီစီ ခမ ၇၄၁ တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ ဘီစီ ခမ ၇၃၉ တွင် ဗမာပြည်သို့ ဆိုက်ရောက်ကြ ၏။ (သုတေသီဆရာ ဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ - ကသာ၊ ဦးဖိုးတုတ် - ပညာအုပ်)ပထမအသုတ် ကရင်များ၊ ဗမာပြည် ရောက်သောအခါ လယ်ယာ စိုက်ပျိုးကြ၏ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေနေကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရ ကောက်ဦး စားပွဲကို ကျင်းပကြ၏။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ်၊ စသည်ဖြင့် ရေတွက်ရာမှ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ် မတူကြ။ နှစ်မျိုးဖြစ်နေ၏။ငယ်စဉ်က ပဲခူးနယ် တောင်ပိုင်း ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့တွင် ကောက်ဦးစားပွဲပြုလုပ်ကြ၏။ နံနက် စောစောတွင် အဘိုးတို့ ဘကြီးတို့ သူတို့၏ မိတ်ဆွေ ရွှေကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ (ထူးဖောပါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ် အကြောင်းလဲ ပါ၏။ ပဲခူး တောင်ပိုင်းသက္ကရာဇ်မှာ ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးသည်။ ၁၉၃၇ ခု ကရင်ပြည်ပြဿနာ ပေါ်ပေါက် လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ (၂၇၉၉)ခုရှိနေ၏။ (၂၈၀၀) ပြည့်ရန် တနှစ် လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ် က (၃၁၀) နှစ်ငယ်နေသည်။ ၎င်းကို ဂျွန်ဆင်အားပြရာ ဟုတ်တယ် ဒို့ တောင်ငူသက္ကရာဇ်နဲ့တူတယ် ဟုဆို၏။သက္ကရာဇ်အတွက် ကရင်အမတ် (၁၂)ယောက် စည်းဝေးပွဲလုပ်ရာတွင် ဘယ်လိုလုပ်ကြမလဲ၊ (၂)မျိုးဖြစ်နေ သည်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။သာဓကမှာ Pritured Encyclopedia ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက် မှာ ဒီဇင်ဘာလ (၂၅)ရက်အတွင်း ကျင်းပ၏။ အများသဘောတူညီချက်အရ ဒီဇင်ဘာလ (၂၅)ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။ သို့သော် အကြီးအကဲများ သဘောတူဆုံးဖြတ်၍ အားလုံး ရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။ Pritured Encyclopedia; We know that this could hardly have happened in December because it rams almost containously at the time of the year in Palestine and shepherds would no keep their flocks out in the hills at night in such weather.ခရစ္စမတ် ကမ္ဘာ့သာဓကကိုယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်းကရင်သက္ကရာဇ်ကို ဖြေရှင်းကြ၏။ တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ(၇၃၉)မတိုင်မီ ကစ၍ ကရင် သက္ကရာဇ်ကို ရေတွက်ဖို့ စဉ်းစား၏။ ကရင်အမတ်တဦးက ဒို့သက္ကရာဇ်ကို ပြင်နိုင်သလားဟုဆို၏။သမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။ ဒို့အမတ် (၁၂)ဦးလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ်(၂)ခုကို ကြားချနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး Veto ဗီတို အာဏာသုံးမှုကြောင့် ယခုကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉)မှစ၍ ရေတွက်ကြသည်။ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတရှိသူများက ဘီစီ (၇၃၉)ကို ကရင်သမိုင်းမှတ်တိုင်တခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ်ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်၏ ဂုဏ်အင်္ဂါလက္ခဏာလည်းမရှိ၊ ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ် ၂၅၂၂၊ ကောက်ဦးစားပွဲ ကရင်သက္ကရာဇ် ၂၇၂၀ ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ်နှင့် လက်ခံရန် တင်ပြအပ်ပါသည်။ကရင်သက္ကရာဇ်၊ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ (ယုတ္တာ၊ ယုတ္တိဆင်ခြင်ညှိသော် ၀ီစိကိစ္ဆာ၊ မရှိရာတည့် (ရှိဘွယ်မတည့်) ထုံးရာဇ၀င် သက်သေတင်၍)ဆရာကြီးစောမြတ်သိန်းလွှတ်တော်အမတ်

ဆက်ဖတ်ရန်>>>

ကုရင်များ ကျေးရွာများကို တည်ဆောက်ပုံ

ကုရင်လူမျိုးတို့ သည် "အူကရိုအဲလ်တက်" ကနေစ၍ ဆင်းလာရာ တဆင့်ပြီးတဆင့် ဗမာပြည်သို့ ရောက်ရှိလာကြသည်အထိ ၎င်းတို့ နှင့် အတူ နှစ်လိုဖွယ်ရာကောင်းသည့် ထုံးတမ်းဓလေ့များကိုပါ ယူဆောင်လာခဲ့ကြသည်။ ပထမဦးဆုံး ၎င်းတို့ သည် မွန်ဂိုလီးယားနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ထိုနေရာမှာ ဧရာဝတီမြစ်ဖျား၏ အထက်ပိုင်းအရပ်တွင် ရှိလေသည်။ ထိုနေရာမှစပြီး အချို့ ကုရင်များမှာ ဧရာဝတီမြစ် အတိုင်း ဆင်းလာကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည်။ အချို့ မှာ ဧရာဝတီမြစ်ဝအထိရောက်ရှိကာ မြေပြန့် ဒေသတွင် နေထိုင်ခဲ့ကြသည်။ တနည်းအားဖြင့် BC ၁၁၃၄ နှင့် BC ၁၁၂၂ အကြားရှိနှစ်များအတွင်း ဗမာပြည်အတွင်းသို့ ဝင်ရောက်လာသောအခါ ၎င်းတို့ သည် အုပ်စုများအဖြစ် ဖွဲ့ ပြီးလူစုခွဲကြလေသည်။ အုပ်စုတစ်စုအတွင်းတွင် အဖွဲ့ တစ်ဖွဲ့ စီမကရှိပြီး ဤအဖွဲ့ မှာ အခြေချနေထိုင်နိုင် ရေးအတွက် နေရာကောင်းများကိုရှာဖွေရန် တာဝန်ယူကြရသည်။ ၎င်းတို့ သည် အကွက်အကွင်း
ကောင်းသည့်နေရာများကို ရွေးချယ်ကြ ပြီး အိုးအိမ်များဆောက်ကာ ရပ်ရွာများတည်ကြလေသည်။ ဤသို့ အားဖြင့် တစ်ရွာပြီးတစ်ရွာတည်ကြလေသည်။ ရွာတစ်ရွာတည်ပြီးလျှင် ဤရွာတွင် လုပ်ကိုင်စားသောက်
နိုင်ရန်အတွက် ရွာနီးပတ်ဝန်းကျင်ရှိ မြေများကို ယူထားကြလေသည်။ ဤသည်မှာ တည်ဆောက်လိုက် သည့်ရွာတိုင်းအတွက် ပြုလုပ်ခြင်းဖြစ်သည်။အိမ်များကိုဆောက်လုပ်ရာတွင် တိုင်များအဖြစ်သစ်ပင်ပျိုးများကို အသုံးပြုသည်။ အချို့ မှာ "၀ါးပိုး" ၀ါးများကို အသုံးပြုသည်လည်း ရှိသည်။ ထိုနည်းတူစွာ အခင်းများကို တင်ရန်အတွက် ဆင့်များကိုလည်း အချို့ က သစ်ပင်ပျိုများ (သို့ ) ၀ါးပိုးဝါးများကိုသာ အသုံးပြုကြ သည်။ အမိုးအတွက်ကိုမူ အချို့ ကသက်ငယ်ကိုသုံးပြီး အချို့ ကအင်ဖက်ကို အသုံးပြုကြလေသည်။ ဓနိရွက်ကိုလည်း သုံးကြပါသည်။ ၀ါး ခြမ်းဖြင့်အိမ်ကို မိုးသည်များလည်းရှိသည်။ ၎င်းတို့ နေထိုင်သည့်အရပ်တွင် မည်သည့်ပစ္စည်းက ပေါနေသည့်အပေါ်မူတည်ပြီး အသုံးပြု ကြခြင်းဖြစ်သည်။ သက်ငယ်ပေါသည့်အရပ်တွင် အိမ်ကိုသက်ငယ်ဖြင့် မိုးလေသည်။ ဓနိပေါသောနေရာတွင် ဓနိရွက်ကိုအများအားဖြင့် အိမ်မိုးရန် အသုံးပြုကြလေသည်။ အချို့ ရွာများသည် အိမ်ခြေများ၏။ အချို့ ရွာများမှာမူ အိမ်အနည်းငယ်သာ ရှိသည်။ ရွာတိုင်းနာမည်အသီးသီးပေးထားသည်။ ရွာ၏နာမည် များကို ဤရွာထဲတွင် နေထိုင်ခဲ့ကြသည့် ဆွေမျိုးအုပ်စုတို့ ၏အကြီးအကဲနာမည်များကို အမှတ်အသားပြုပြီး မှည့်ပေးလေရှိသည်။ တခါတရံ ရွာအနီးရှိစမ်း
ချောင်းလေး၏နာမည်ကို အမှတ်အသားပြု၍ မှည့်ခေါ်သည်များလည်းရှိသည်။ တခါတရံ သစ်တောအုပ်၏
အမည် ဖြင့်ဖြစ်စေ၊ တွေ့ ရှိရသည့် နေရာတစ်ခုခု၏အမှတ်အသားဖြင့်ဖြစ်စေ၊ ၎င်းတို့ ၏ကျေးရွာများ၏ အမည်များကို မှည့်ခေါ်လေ့ရှိသည်။ ဤကဲ့သို့ အမည်များမှည့်ခေါ်ခြင်းမှာ ၎င်းတို့ ၏ဓလေ့ထုံးစံပင်ဖြစ်သည်။ ရွာ၏ပတ်လည်ကိုလည်း ၀ါးချွန်များ (သို့ ) သစ်တုံးချွန်များအား စိုက်ထူကာရံထားကြလေသည်။ ဤကဲ့သို့ ကာရံထားရုံမက ဤအကာအရံ၏အပြင်ပတ်ပတ်လည်တွင် တခါခြံစည်းရိုးတလျှောက် မြောင်း များကိုတူကြသည်။ မြောင်းများမှာ ကျယ်လည်းကျယ်သည်၊ နက်လည်းနက်ပေသည်။ အနည်းဆုံးအကျယ်မှာ "၈" တောင်ရှိသည်။ အနက်မှာမူ "၆" တောင်ရှိသည်။ ရွာ၏အ၀င်အထွက် တံခါးမဂိတ်ပေါက်မှာ နှစ်ပေါက်
သာထားရှိသည်။ ရွာဦးတွင်တစ်ပေါက်နှင့် ရွအနောက်ဖက်တွင် ထွက်ပေါက်တစ်ပေါက်ဟူ၍ပင်ဖြစ်သည်။
ရွာထဲသို့ ဝင်ရန်နှင့်ထွက်ရန်အတွက် လမ်းများမထားရှိချေ။ မြောင်းအား ဖြတ်ကျော်ရန်အတွက် မတ်တင်
နိုင်သည့်တံတားကို ဆောက်လုပ်ထားသည်။ ရန်သူဖြစ်စေ၊ သားရဲတိရစ္ဆာန်များဖြစ်စေ ရောက်ရှိလာပါက ဤတံတားကို ဖယ်ရှားလိုက်ကြသည်။ ဤနည်းဖြင့် ၎င်းတို့ သည် အကာအကွယ်စည်းဝိုင်းအတွင်းလုံခြုံစိတ်ချစွာ ဘေးရန်အပေါင်းမှ ကင်းဝေးအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ရွာတိုင်းတွင် ရွာသူကြီးနှင့်တကွ ရွာသူကြီးကိုကူညီသည့် ရွာလက်ထောက်လူကြီးများ အသီး သီးထားရှိလေသည်။ ဤအကြီးအကဲပုဂ္ဂိုလ်များသည် ရွာသူရွာသားများကို ဘေးရန်အပေါင်းမှ ကင်းဝေးစေရန်အတွက် ကာကွယ်စောင့် ရှောက်ပါမည်ဟု သံဓိဌာန်ချပြီး တာဝန်ကို လက်ခံယူရသည် ဖြစ်သည်။
သမိုင်းသုတေသီပညာရှင် စောအောင်လှ ရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)မှ ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။

ဆက်ဖတ်ရန်>>>

ဇင်းမယ်မြို့ အကြောင်း

ကရင်လူမျိုးတို့ သည် တရုတ်ပြည်မှထွက်ခွာလာပြီး တောင်ဘက်သို့  တနေရာမှတနေရာသို့  ပြောင်းရွှေ့  ဆင်းသက်လာကြသည်။ ဤသို့ ဖြင့် ယခု ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံရှိသည့် ပင်လယ်ကမ်းခြေနေရာ အထိ ရောက်ရှိလာကြလေသည်။ ဤကဲ့သို့ ကရင်လူမျိုးများ ပြောင်းရွှေ့ ဆင်းသက်လာပြီး နောက်ပိုင်း နှစ်ပေါင်း အနည်းငယ်အကြာတွင် တရုတ်ပြည်တွင် နေထိုင်ကြသည့် ရှမ်းလူမျိုးများကလည်း ကရင်လူမျိုးတို့ ပြောင်းရွှေ့  ဆင်းသက်လာသည့်လမ်းအတိုင်း တရုတ်ပြည်မှ ထွက်ခွာကာ အမြောက်အများ ပြောင်းရွှေ့ ဆင်းသက်လာကြ လေသည်။ အထက်မှ ဆင်းသက်လာသော ရှမ်းများ၏ဖိအားကြောင့် ကရင်တို့ သည် ပင်လယ်ကမ်းစပ်အထိ ရောက်ရှိကြပြီး ဆက်လက်ပြောင်းရွှေ့ ရန်နေရာမရှိတော့ဘဲ ဖြစ်နေသည်။ ထို့ ကြောင့် ၎င်းတို့ သည် ဦးလှည့် ပြီး လာလမ်းအတိုင်း မဲနမ်းဖြစ်ဖျားဖက်သို့ ပြောင်းရွှေ့ ချီတက်သွားကြသည်။ ဤမဲနမ်မြစ်ဖျားမှာပင် စခန်းချ နေထိုင်လေသည်။ ဤနေရာကို ယခု ကျွန်ုပ်တို့ ဇင်းမယ် (ချင်းမိုင်)ဟု ခေါ်သည့် နေရာပင်ဖြစ်သည်။ ဇင်းမယ် သည် ကရင်မျိုးနွယ်စုအားလုံး၏စုစည်းနေထိုင်ရာအရပ်ဖြစ်သည်။ ကရင်လူမျိုးတို့ ၏ မြို့ တော်လည်းဖြစ်သည်။ ဇင်းမယ်မြို့ မှာ ထောင့်လေးထောင့်ရှိသည်။ တချိန်တွင် ကရင်လူမျိုးတို့ ၏ ဤနေရာတွင် အများအပြားတိုးပွား လာသည်ဟု ဆိုသည်။ လူဦးရေ သန်းနှင့်ချီပြီးများပြားလာခဲ့သည်။ ထိုအချိန်တွင် ရှမ်းလူမျိုးတို့ ၏ မြို့ တော်မှာ ဘန်ကောက်ဖြစ်သည်။ ဇင်းမယ်တွင် နေထိုင်ကြသည့်ကရင်တို့ သည် ရှမ်းများနှင့်မကြာခဏ စစ်ပွဲဖြစ်ခဲ့သည်။ တခါတရံ သူတို့ ရှမ်းကို အနိုင်တိုက်နိုင်ပြီး တခါတရံ ရှမ်းများက အနိုင်ရလေသည်။ ကြာမြင့်လာသောအခါ ၎င်းတို့ သည် စစ်မတိုက်နိုင်ကြတော့ဘဲ ရှမ်းနှင့်ကရင်လူမျိုးတို့ သည် စစ်ပြေငြိမ်းကာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ရယူကြလေသည်။


ဇင်းမယ်မြို့ ပျိုကျပျက်စီးခဲ့ရသောအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ဇင်းမယ်ဘုရင်တွင် သား သမီးယောက်ျားတယောက်မျှမရှိပါ။ သမီးတဦးတည်းသာရှိသည်။ ကရင်ဘုရင်နတ်ရွာစံပါက ၎င်း၏နေရာတွင် နန်းတက်မည့်သူမရှိကြောင်း ရှမ်းဘုရင်က သိရှိသွားသည်။ ထို့ ကြောင့် ၎င်း၏နိုင်ငံကို ကရင်နိုင်ငံနှင့်ဆက်စပ် သွားရန် ရှမ်းဘုရင်က ကြံစည်လေတော့သည်။ ရှမ်းဘုရင်က ကရင်ဘုရင်၏သမီးတော်ကို တောင်းယူပြီး မိဖုရားအဖြစ် ထားရှိမည်ဟု ဂတိပေးလေသည်။ ထို့ နောက် သားယောက်ျားရရှိပါက ကရင်ဘုရင်အဖြစ် ပြန်၍ ပေးအပ်မည်။ ဤကဲ့သို့ တောင်းသော်လည်း ကရင်ဘုရင်က သမီးတော်ကို မပေးပါ။ ရှမ်းဘုရင်သည် မကျေမ နပ်ဖြစ်သဖြင့် အခြားနည်းလမ်းတခုကို ကြံစည်လေသည်။ ရှဘုရင်က ကရင်ပြည်နှင့်ရှမ်းပြည်အကြား ကုန်သွယ် ရေးငန်းအတွက် နယ်စပ်ကို လုံးဝပိတ်ထားရန် အမိန့် ထုတ်လေသည်။ ဤကဲ့သို့  ပိတ်ထားသဖြင့် ကရင်တို့  သည် ဆားမစားရဘဲ ဖြစ်နေတော့သည်။ ဆားမစားဘဲ နေခဲ့ရသည်မှာ အချိန် ၃ နှစ် ကျော်လွန်သည့်အခါတွင် လူထုသည် ရောဂါရရှိလာကြသည်။ ဆားမစားကြရသဖြင့် အရိုးအဆစ်များ ယောင်ယမ်းလာပြီး အမွှေးအမြှင် များပေါက်လာလေတော့သည်။ ဤသို့ ဖြင့် ကရင်လူထုတို့ သည် မခံနိုင်တော့ဘဲ ၎င်း၏ဘုရင်အား ရှမ်းဘုရင် တောင်းဆိုခဲ့သည့်အတိုင်း သမီးတော်အား ပေးအပ်ရန် တိုက်တွန်းလေတော့သည် ထိုအခါ ကရင်ဘုရင်သည် မနေသာတော့ဘဲ သမီးတော်ကို ရှမ်းဘုရင်လက်ထဲ အပ်လိုက်ရလေတော့သည်။ ရှမ်းဘုရင်သည် ကရင်ဘုရင် သမီးတော်ကို ရရှိပြီးသောအခါ ကုန်သွယ်ရေးအတွက် နယ်စပ်ပိတ်ထားသည်ကို ပြန်လည်ဖွင့်လှစ်စေသည်။ ကရင်ဘုရင်သမီးတော်ကိုလည်း မိဖုရားကြီးနေရာကို တင်မြှောက်လေသည်။

ဤကဲ့သို့ ဖြစ်ပြီး ၁၆ နှစ်အကြာတွင် ကရင်ဘုရင်သည် နတ်ရွာစံလေသည်။ ကရင်ဘုရင်၏ထီးနန်းကို ဆက်ခံမည့်သားသမီး တဦးတယာက်မျှမရှိသဖြင့် ကရင်တို့ က ဘန်ကောက်ရှမ်းဘုရင်ထံသို့  ၎င်းတို့ ဘုရင် မြှောက်ရန်အတွက် “စောခိုဘိုဖိုး”ပေးရန်အတွက် တောင်းဆိုလေသည်။ စောခိုဘိုဖိုးသည် ဘန်ကောက် ဘုရင်လက်အောက် အကြီးဆုံးစစ်သူကြီးဖြစ်ယုံမက ကရင်တဦးလည်းဖြစ်သည်။ ဤကဲ့သို့ တင်လျှောက်ရာတွင် ဘန်ကောက်ဘုရင်က ၎င်း၏သားတော်(ကရင်မိဖုရားနှင့် ရသည့်သားတော်)အား ဘုရင်အဖြစ်ပေးရန် သ ဘောတူသည်။ သို့ ရာတွင် ဤသားတော်(ကရင်ဘုရင်၏မြေးတော်လည်းဖြစ်သည်) ငယ်လွန်းသေးသဖြင့် (၁၅ နှစ်သာ ရှိသေးသည်) ဘန်ကောက်ဘုရင်က ယာယီအားဖြင့် စောခိုဘိုဖိုးအား ၎င်း၏ကိုယ်စား လက်ထောက် အဖြစ် ကရင်များကို အုပ်ချုပ်စေသည်။ ၅ နှစ်ပြည့်သည့်အချိန်တွင် ၎င်း၏သားတော် (၀ါ) ကရင်ဘုရင်၏မြေး တော်ကို ထီးနန်းအပ်ပြီး ကရင်ဘုရင်အဖြစ် တင်မြှောက်မည်ဟု ပြောဆိုလေသည်။

၅ နှစ်ပြည့်သောအခါ ဘန်ကောက်ဘုရင်သည်လည်း ၎င်း၏ဂတိအတိုင်း လုပ်ဆောင်ခြင်းမရှိချေ။ ထို့  ကြောင့်ကရင်တို့ သည် ၎င်းတို့ ထဲမှ လူကြီးတစုကို ရွေးချယ်ပြီး ဘန်ကောက်သို့ စေလွှတ်ကာ ၎င်းတို့  ၏ဘုရင် ကို ပြန်လည်တောင်းယူစေသည်။ ယင်း ကရင်လူကြီးများသည် ဘန်ကောက်သို့ ရောက်ရှိသွားကြပြီး ဘန် ကောက်ဘုရင်ထံမှ ၎င်း၏သားတော်ကို ကရင်ဘုရင်အဖြင့် တင်မြှောက်ခွင့်ပြုရန် တောင်းဆိုလေသည်။ ဘန် ကောက်ဘုရင်၏သားတော်မှာ ကရင်ဘုရင်၏မြေးတော်ဖြစ်သဖြင့် ကရင်ဘုရင်အဖြစ်တင်မြှောက်ရန်ဂတိပေး အပ်ရေးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့  သွားရောက်ကြသည့်ကရင်များသည် ကရင်သင်တိုင်း ၀တ်စုံ ကို ၀တ်စားခြင်းမရှိသည်ကို ရှမ်းအကြီးများက တွေ့ ရှိသဖြင့် ၎င်းတို့ အား ယခုကဲ့သို့ ပြောဆိုသည်။ “ခင်ဗျားတို့  သည် ကရင်များမဟုတ်ပါ၊ ယင်းကြောင့် တောင်းဆိုမှုကို မပေးနိုင် ကရင်အ၀တ်အစားဖြင့် လာရောက်တောင်း ဆိုမှသာ ပေးမည်။ ၎င်းအပြင် လာရောက်တောင်းဆိုသူများမှာ စစ်အတတ်ပညာကွှမ်းကျင်သည့် တပ်ဗိုလ် တပ်မှူး အယောက် ၂၀၀ ဖြစ်သည်ဟုဆိုသည်။

ထိုအခါ ကရင်တပ်ဗိုလ်တပ်မှူး ၂၀၀ တို့ သည် ကရင်ဝတ်စုံတို့ ကို ၀တ်ဆင်ကြပြီး ဘန်ကောက်သို့ ခရီး ထွက်ခဲ့ကြသည်။ရှမ်းအကြီးအကဲများကလည်း ကရင်ဝတ်စုံဖြင့် ရောက်ရှိလာကြသည့်တပ်ဗိုလ်တပ်မှူးများသည် ၎င်းတို့ ဘုရင်နှင့် မြို့ တော်ကို ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ဤသို့ ရောက်ရှိ လာကြသည့် ကရင်အုပ်စုတို့  မြို့ တွင်းသို့ ဝင်ရောက်ခြင်းမပြုမီ ရှမ်းအကြီးအကဲများက ၎င်းတို့ ဘုရင်ကို သံ တော်ဦးတင်လေသည်။ ထိုအခါ ရှမ်းဘုရင်က မြို့ တွင်းရှိ ခွန်အားဗလနှင့်ပြည့်စုံသည့် ရှမ်းယောက်ျားအားလုံးကို မြို့ ပြင်သို့ ထွက်စေသည်။ မြို့ တွင်း၌ ရှမ်းအမျိုးသမီးများနှင့်ကလေးများသာ ကျန်ရစ်လေသည်။ ဤကဲ့သို့  စီစဉ်ပြီးနောက် ရောက်ရှိလာကြသည့် ကရင်အုပ်စုကို မြို့ တွင်းသို့ ဝင်စေသည်။ ၎င်းနောက် ကရင်ဘုရင်အုပ်စု ထဲမှ လုကြီးများကို ဘုရင်ရှေ့ မှောက် နန်းတွင်းသို့ ဝင်ရောက်စေသည်။ ကျန်ရစ်ခဲ့သည့်ကရင်စစ်သား စစ်ဗိုလ် များကိုမူ မြို့ တွင်းရှိ ထောင့်တနေရာတွင်ထားရှိကာ ထိုစစ်သားစစ်ဗိုလ်များအား ရှမ်းအမျိုးသမီးများက သွား ရောက်ဖျော်ဖြေစေသည်။ ၎င်းတို့ အား စားကောင်းသောက်ဖွယ် သေရည်သေရက်တို့ ဖြင့် တည်ခင်းကျွေးမွေး သည်။ ရှမ်းအမျိုးသမီးများကလည်း အဆိုအကအမျိုးစုံဖြင့် ဖျော်ဖြေလေသည်။ ဤကရင် ယောက်ျားများသည် အရက်အလွန်အကျွံသောက်သုံးပြီးနောက် မဟန်နိုင်ကြတော့ဘဲ အားလုံးခန်းမ အတွင်း၌သာ အိပ်ပျော်ကုန်ကြ သည်။ ဤကဲ့သို့ ဖြစ်နေချိန်တွင် ရှမ်းအမျိုးသမီးများသည် ဘန်ကောက်ဘုရင်အမိန့် ဖြင့် ဤကရင်စစ်ဗိုလ်စစ် သားအားလုံးကို ခုတ်သတ်လိုက်ကြသည်။

ဘုရင်ရှေ့ မှောက်နန်းတွင်းသို့ အခစားဝင်သည့် ကရင်လူကြီးများက လာရင်း ရည်ရွယ်ချက်အတိုင်း ဘန် ကောက်ဘုရင်၏သာားတော်အား ကရင်ဘုရင်အဖြစ် တင်မြှောက်ရန် တောင်းကြလေသည်။ ဘန်ကောက်ဘုရင် ကလည်း ဂတိရှိသည့်အတိုင်း အမြန်အကောင်အထည်ဖေါ်မည်ဟု ပြန်လည်မိန့် ကြားသည်။ ၎င်း၏သားတော် ကို ဘုရင်အဖြစ်တင်မြှောက်ရန် သဘောတူသည်ကို ပြသသည့်အနေဖြင့်လည်းကောင်း၊ ဤကဲ့သို့  ကရင် လူကြီးများအားတွေ့ ရသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ရသည့်အနေဖြင့်လည်းကောင်း၊ ဂုဏ်ပြုဧည့်ခံပွဲတခုကို ကရင်လူကြီးများအတွက် ပြုလုပ်လိုကြောင်း ပြောဆိုလေသည်။ ဤသို့ ဖြင့် ဘုရင်သည့်ကရင်လူကြီးများကို စားကောင်းသောက်ဖွယ်အမျိုးမျိုးဖြင့်ကျွေးမွေးဧည့်ခံလေသည်။သေရည်သေရက်များကိုလည်း တိုက်ကျွေးသည်။ သို့ ဖြင့် ကရင်လူကြီးများမှာ အလွန်အကျွန်သောက်သုံးသဖြင့် အရက်မူးကုန်ပြီး ဧည့်ခံပွဲ၌သာ အိပ်မောကျကုန်တော့သည်။ ဤကဲ့သို့  အိပ်မောကျနေထိန်တွင် ရှမ်းအမျိုးသမီးမျာက ကရင်လူကြီးများကို တဦးစီ တဦးစီဖြင့် တနေရာစီသို့ ထမ်းပိုးယူဆောင်ကာ သတ်ပစ်လိုက်ကြလေသည်။ ဤသို့ ဖြင့်ဘုရင်သား တော်အား ကရင်ဘုရင်အဖြစ်တင်မြောက်ရန် လာရောက်တောင်းကြသည့် လူအားလုံး သေဆုံးကုန်လေသည်။ ရှမ်းအမျိုးသမီးများသည် ဘုရင်၏အမိန့် အတိုင်း ရဲစွမ်းသတ္တိအပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် ရှမ်းဘုရင်က ၎င်းတို့ အား ယောက်ျားများကဲ့သို့ ပင် ဆံပင်ညှပ်ခြင်း၊ ခါးတောင်းကျိုက်ခြင်းများကို ဓလေ့ထုံးစံအရ ပြုလုပ်ရန် ရှင်ဘုရင်က ခွင့်ပြုလိုက်သည်။ ဤဓလေ့သည် ရှမ်းအေမျိုးသမီးများတွင် ယခုတိုင် ရှိပါသေးသည်။

ကရင်လူကြီးများနှင့်အတူ ကရင်စစ်သား ၂၀၀ ယောက်တို့ သည် ဘန်ကောက်တွင် အသတ်ခံရပြီး နောက် ပိုင်းတွင် ကရင်များက ယခုကဲ့သို့ပြောဆိုကြသည်။ ရှမ်းဘုရင်သည် ဂတိပြုသည့်အတိုင်း ဆောင်ရွက်ခြင်း မပြုဘဲ နေသဖြင့် ၎င်းတွင် သမိုင်းကြွေးရှိနေပေသည်။ ကရင်များအား တိုင်းပြည်နှင့်အုပ်ချုပ်ရေးကို ပြန်အပ်ရ မည်ဟု မျှော်လင့်နေကြသည်။ ရှမ်း၏သမိုင်းစာအုပ်တွင်လည်း ကရင်မြို့ တော်ကို တချိန်ချိန်တွင် ပြန်လည်ပေး အေပ်ရန် ရှိသည်ဟု ဆိုထားသည်။ ထိုနည်းတူ ဇင်းမယ်မြို့ ကို ပြန်လည်ပေးအပ်ရမည့်ဂတိမှာ ယခုတိုင် တည်ရှိ လျက်ရှိသည်။ ရှမ်းလူမျိုးများ ထဲသို့ ရောက်ရှိပြီး ရှမ်းလူထုနှင့်ရောပြွမ်းနေထိုင်ကြသည့် ကရင်တချို့ က ယခုကဲ့ သို့  ပြောကြသည်။ ရှမ်းလူထုထဲတွင် ရှမ်းလူကြီးတချို့ သည် ရှမ်းဘုရင်က ကရင်လူမျိုးအပေါ် ပေးထားသည့် ဂတိကို ကောင်းမွန်စွာ သိရှိထားသည်။ ရှမ်းသမိုင်းတွင်ရေးသားထားသည့် အတိုင်း ကရင်အား ဇင်းမယ်မြို့ ကို ပြန်လည်ပေးရန်ရှိသည်ဟု ပြောကြသည်။ဤသမိုင်းကို သိရှိကြသည့် ရှမ်းလူကြီးများသည် ကရင်လူမျိုးကို အခြားလူမျိုးများထက် ပို၍ လေးစားကြသည်။ ဖရပ်သူဝါ အမည်ရှိ ရှမ်းဘုရင်လက်အောက်နယ်တနယ်ကို အုပ် ချုပ်ရသည့် ရှမ်းလူကြီးတယောက်ရှိခဲ့သည်။ သူအုပ်ချုပ်သည့်နယ်မြေမှာ ကော့ကရိတ်မြို့ မြောက်ဖက် ယိုးဒ ယားပြည်၏ နယ်တနယ်ဖြစ်သည်။ ဖရပ်သူဝါသည် ရှမ်းလူကြီးအချို့ နှင့် ရှမ်းအကြီးအကဲများသည် ကရင်လူမျိုး များအား လေးစားရန် သိရှိလေသည်။ ဤ ဖရပ်သူဝါမှာ နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဘန်ကောက်ဘုရင် လက် အောက်တွင် အမှုထမ်းစဉ် ရှမ်းဘုရင်က ၎င်းအား တံဆိပ် ၉ ခု ချီးမြင့်ခဲ့သည်။ စာရေးသူအနေဖြင့် ဤဖရပ်သူဝါ နှင့် ကိုယ်တိုင် တွေ့ ဆုံခဲ့သည်။ ဖရပ်သူဝါမသေဆုံးမီ ရန်ကုန်သို့  သူအလည်အပတ်ရောက်လာချိန်တွင် စာရေး သူ နှင့်သွားရောက်တွေ့ ဆုံခြင်းဖြစ်သည်။ ဇင်းမယ်မြို့ ပတ်သက်ပြီး ယခုရေးခဲ့ခြင်းမှာ စာရေးသူအနေဖြင့် ဖရပ်သူဝါနှင့်သွားရောက်တွေ့ ဆုံပြီးနောက် ဖရပ်သူဝါ ပြောသည့်အတိုင်း ရေးခြင်းဖြစ်သည်။

ဖရပ်သူဝါ ယခုကဲ့သို့ လည်း ပြောပါသေးသည်၊ ကရင်များ ဘန်ကောက်မြို့ တွင် အသတ်ခံရပြီး နောက်ပိုင်း တွင် ရှမ်းဘုရင်သည် ကရင်ဘုရင်ကို ပြန်လည်တင်မြှောက်လိုစတ်မရှိသဖြင့် ၎င်း၏အကြီးအကဲများကို စေလွှတ် ကာ အခွန်အကောက်များကို တိုက်ရိုက် ကောက်ခံစေသည်။ ဇင်းမယ်တွင် အုပ်ချုပ်ကွပ်ကဲလျက်ရှိသည့် စောခိုဘိုဖိုး ကိုလည်း မအုပ်ချုပ်တတ်ဟု အကြောင်းပြကာ အပြစ်ရှာလေသည်။ ကရင်လူမျိုးထဲတွင်လည်း စစ်ရေးစစ်ရာနားလည်သူအားလုံး အသတ်ခံရပြီးဖြစ်သဖြင့် ရှမ်းများအား ပြန်လည်တိုက်ခိုင်ရန် ခွန်အား မရှိတော့ချေ။ ထို့ ကြောင့် ကရင်လူမျိုးတို့ သည် ရှမ်းနှင့် တိုက်ခိုက်ရန် ရှောင်ကွင်းသည့်အနေဖြင့် ကရင်အများ အပြား ဇင်းမယ်ကို စွန့် ခွာသွားကြလေသည်။ ဤနည်းဖြင့် ကရင်တို့ သည် နေရာအနှံ့ အပြားသို့  ပျံ့ နှံ့ ရောက် ရှိသွားလေသည်။ စောခိုဘိုဖိုးနှင့် ၎င်းတို့ ရင်နှီးသည့် မိတ်ဆွေအချို့ ကမူ ဇင်းမယ်ကို စွန့် ခွာပြီး ဘိတ်ဖက်သို့  သွားရောက်နေထိုင်ကြလေသည်။ စောခိုဘိုဖိုး၏ ဆွေမျိုးသည် ယခုထိတိုင် ဘိတ်တွင် ရှိနိုင်ပါသေးသည်။

ကရင်သမိုင်းဆရာ စောအောင်လှ ရေး ကရင်ရာဇ၀င်စာအုပ် (ဘသာပြန်သူ စောတမလာဝါး)

ဆက်ဖတ်ရန်>>>